ပြည်လုံးကျွတ် ညီလာခံအရေး ဆွေးနွေးမည့် အဖွဲ့ကြီး ၅ ဖွဲ့ အစည်းအဝေး ရွှေ့ဆိုင်း

ပြည်လုံးကျွတ် ညီလာခံကိစ္စကို ထည့်သွင်း ဆွေးနွေးမည့် အဖွဲ့ကြီး ၅ ဖွဲ့၏ အစည်းအဝေးကို အိုလမာ သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်မှ မောင်လာနာ ယူစွဖ် (ကျုံဒိုး) ၏ ကျန်းမာရေး အခြအနေကြောင့် ဇွန်လ ၁၀ ရက်နေ့ ဇဟုရ်ဆွလာသ် အပြီး အချိန်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း မ.မ.လ အဖွဲ့ ဥက္ကဌ ဟာဂျီ ဦးမြင့်ထွန်းက Myanmar Muslim Media သို့ပြောသည်။
အထက်ပါ အစည်းအဝေးတွင် ပြည်ထောင်စုသား မွတ်စလင်မ်များ ပြည်လုံးကျွတ် ညီလာခံအပေါ် အဖွဲ့ကြီး ၅ ဖွဲ့ အနေဖြင့် တိုက်ရိုက် ပါဝင်ရေး မပါဝင်ရေး အပါအဝင် ဟာ့ဂ်ျကိစ္စ၊ အဖွဲ့ ၅ ဖွဲ့ ရုံးကိစ္စတို့ကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်း – ကိုပေါက် (MMM)
မီဒီယာ(ကော့သောင်း)
No comments:
Post a Comment