Tuesday, July 1, 2014

ဂျဟန္နမ်မှ လွတ်ကင်းရန် ကျင့်စဉ်

ဂျဟန္နမ်မှ လွတ်ကင်းရန် ကျင့်စဉ်

သာဝကကြီး အစ်ဗ်နို့ အဗ်ဗားစ် သခင်က မိန့်တော်မူသည်၊ ရစူလွလ္လာဟ်ဆွလ္လလ္လာဟု အလိုင်းယ်ဟိဝစလ္လမ် ကိုယ်တော်သည် ဆွဟာဗာသခင်ကြီးများကို အာယသ်တော်များ သင်ပြ သကဲ့သို့ ဒုအားများကိုလည်း သင်ပြပေးတော်မူသည်။
ကိုယ်တော်သည် မူစလင်မ် မည်သော စဟာဗီ အား သင် ပြပေးတော်မူသည်မှာ မဂ်ရီဗ် နမားဇ်ပြီးနောက် မည်သူနှင့်မျှ စကားမပြောခင် အလျှင်
[ အလ္လာဟူးမ္မ အဂျိရ်နီ မိနာနနာရ် ]
 အဓိပ္ပယ် အို အလ္လာဟု အရှင်မြတ် ကျွန်တော်မျိုးအား ဂျဟန္နမ် မီးဘေးမှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူပါဟူ၍ ( ၇ ) ကြိမ် ရွတ်ဆိုလျှင် အကယ်၍ ထိုည၌ သင်သေဆုံးလျှင် ဂျဟန္နမ် မှ လွတ်ကင်းမှုရမည်။
ဖဂျရ် နမားဇ် ပြီးနောက် မည်သူနှင့်မျှ စကားမပြောခင်အလျှင် ( ၇ ) ကြိမ် ရွတ်ဆိုလျှင် အကယ်၍ ထိုနေ့၌ သင်သေခဲ့သည် ရှိသော ဂျဟန္နမ်မှ လွတ်ကင်းမှုရမည်။ ( အဘူဒါဝူးဒ်ကျမ်း )

ကိုယ်တော်က မိန့်တော်မူသည်မှာ အကြင်သူသည် အလ္လာဟု အရှင်မြတ်ထံ ( ၃ ) ကြိမ် ဂျန္နသ်ကို တောင်းဆိုလျှင် ဂျန္နသ်က ထိုတောင်းဆိုသူ အတွက် အလ္လာဟုအရှင်မြတ်ထံ ဒုအာ ပြုသည်မှာ
[ အလ္လာ ဟူးမ္မ အဒ်ခိလ်ဟွလ် ဂျန္နတ ]
 အဓိပ္ပယ် (အို အလ္လာဟုအရှင်မြတ် ဤသူကို ဂျန္နသ်သို့သွင်းတော်မူပါ)
၎င်း အကြင်သူသည် ဂျဟန္နမ် မှ လွတ်ကင်းရန် ( ၃ )ကြိမ် တောင်းဆိုလျှင် ဂျဟန္နမ်က ထိုသူအတွက် အလ္လာဟု အရှင်မြတ်ထံ ဒုအာ ပြုပေး သည်မှာ
[ အလ္လာ ဟူးမ္မ အဂျိရ် ဟု မိ နာန် နားရ် ]
 အဓိပ္ပယ် (အို အလ္လာဟု အရှင်မြတ် ဤသူ့ကို ဂျဟန္နမ် မှ ဖယ်ရှားပေးတော်မူပါ။ (တရ်ဂီးဗ်ကျမ်း)
မွတ်စ်လင်မ်တိုင်း ဂျန္နသ်ကို မက်မောစိတ် ဂျဟန္နမ်ကို ကြောက်စိတ် ရှိကြပါစေ။
 
 
မင်းခန့်ကျော် | အလင်းမျက်ဝန်း
 
                                       အီစလမ့်မီဒီယာ(ကော့သောင်း)

No comments:

Post a Comment