လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း( ၃ )
" ရိုဇာ၏ ထူးမြတ်မှုများ "
အစ္စလာမ်သာသနာတော်တွင် ရိုဇာထားခြင်း၏ ထူးမြတ်မှုများ မရေမတွက်နိုင်လောက်အောင် များပြားလှပေသည်။
» ဆင့်ဆိုချက်တစ်ရပ်တွင် လာရှိသည်မှာ..
နှစ်ဘဝသခင်ကိုယ်တော်မြတ်ကြီး
(ဆွလ္လလာဟိုအလိုင်းဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - " ရိုဇာသည်
ငါကိုယ်တော်မြတ်အတွက်ဖြစ်သည် ငါကိုယ်တော်တိုင် ယင်းအား အစားပေးမည်။
(ဆောက်တည်မည့်)
ရိုဇာသည် ဂျဟန္နမ်မှ ခိုလှုံခွင့်ပေးမည့်အရာဖြစ်သည် ရိုဇာထားသူ၏
ပါးစပ်မှထွက်သောအနံ့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဂတိုးနံ့သာထက်
သာပိုမွှေးကြိုင်၍ နှစ်သက်ဖွယ်ရာဖြစ်သည်။ (သစ်ရ်မိဇီကျမ်း အတွဲ(၃)၊
စာမျက်နှာ(၁၃၆) ဟဒီးဆ်နံပါတ် - ၇၆၄)
» ဟဒီးဆ်တော်တစ်ပုဒ်တွင် လာရှိသည်မှာ..
ဂျန္နသ်တွင်
" ရိုင်ရ်ရားန် " အမည်ရှိ တံခါးပေါက်တစ်ခုရှိသည်၊ ကိယာမသ်နေ့တွင်
ယင်းတံခါးပေါက်မှ ရိုဇာထားသောသူများသာ ဝင်ရောက်ခွင့်ရမည်၊ မည်သည့်အခါ
ရိုဇာထားသောသူများဝင်ရောက်ပြီးသော် ယင်းတံခါးပေါက်မှာ ပိတ်ခြင်းခံရပေမည်။
ထို့နောက် အခြားမည်သူတစ်ဦးတစ်ယောက်မှ (ယင်းတံခါးပေါက်မှ)
ဝင်ရောက်ခွင့်ရမည်မဟုတ်ပေ။
(မွတ်စ်လင်မ်ကျမ်း၊
အတွဲ(၂)၊ စာမျက်နှာ-၈၀၈) ဟဒီးဆ်နံပါတ် (၁၁၅၂) နစာအီကျမ်း၊ အတွဲ(၄)
စာမျက်နှာ(၁၆၈) ဟဒီးဆ်နံပါတ် (၂၂၃၇)၊ သိရ်မိဇီကျမ်း အတွဲ(၃)
စာမျက်နှာ(၁၃၇)ဟဒီးဆ်နံပါတ်-၇၆၅)
» ဟဒီးဆ်တော်တစ်ပုဒ်တွင်လာရှိသည်မှာ..
အကြင်သူတစ်ဦးတစ်ယောက်သည်
ရမဿွာန်လ၏ ရိုဇာအား ထားခဲ့မည် ယင်းရိုဇာ၏ ပညတ်ချက်များအားလည်း
သိရှိခဲ့မည် ပြီးနောက် ရိုဇာ၌ ထိန်းသိမ်းရန် အရေးကြီးသည့်အရာများအား
ထိန်းသိမ်းခဲ့မည်ဆိုပါက ၎င်းသူထားခဲ့သော ရိုဇာသည် ၎င်းသူ၏ ဂိုနဟ်စွဂီရဟ်
(သေးငယ်သောပြစ်မှု)များအား ပလပ်ပေးမည့် အရာဖြစ်သွားပေမည်။
(အစ်ဗ်နေ့ဟဗ္ဗားန်ကျမ်းအတွဲ(၈)စာမျက်နှာ(၂၁၉)ဟဒီးဆ်နံပါတ်(၃၄၃၃)၊ ဗိုင်ဟကီကျမ်းအတွဲ(၄)စာမျက်နှာ(၃၀၄)ဟဒီးဆ်နံပါတ်-၈၂၈၈)
" အင်န်ရှာအလ္လာဟ်...နောက်လာမည့်အပိုင်းဆက်များအားလည်း တင်ဆက်ပေးသွားပါမည် "
မဲလ်ကွမ်အက်စ် | အလင်းမျက်ဝန်း
အီစလမ့်မီဒီယာ(ကော့သောင်း)
No comments:
Post a Comment