လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း( 4 )
" စဲဟ်ရီစားခြင်းနှင့် စဲဟ်ရီစားခြင်း၏ ထူးမြတ်မှုများ "
အရဗီအဘိဓာန်တွင် စဲဟ်ရီ၏ အဓိပ္ပါယ်မှာ စွဗ်ဟေ့စွာဒစ်က် (နံနက်မိုးသောက်အာရုဏ်ဦးချိန်) အလျှင် စားသုံးခြင်းအား ခေါ်ဆိုပေသည်။
စဲဟ်ရီသည် အလ္လာဟ်အရှင်မြတ်၏ အလွန်ကြီးမားသော ကျေးဇူးပြုမှုကြီး တစ်ခုဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ရိုဇာသည်များအတွက် စဲဟ်ရီစားခြင်းတွင် အလွန်ကြီးမားသော အကျိုးဖဇီလသ်များ သတ်မှတ်ပေးထားသည်။
အကယ်၍ ဤသို့သော် အကျိုးဖဇီလသ်များ မသတ်မှတ်ပေးထားလျှင် အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်ကျေးကျွန်များ စဲဟ်ရီမစားဘဲ ရိုဇာထားကြကာ ဒုက္ခခံကြမှုများ ရှိသွားနိုင်ပေသည်။
စဲဟ်ရီစားခြင်းသည် စွန္နသ်ဖြစ်သည်၊ များစွားသော ရိဝါယသ်(ဆင့်ဆိုချက်)များတွင် စဲဟ်ရီစားခြင်း၏ အကျိုးဖဇီလသ်များ လာရှိထားပေသည်။
ဗိုခါရီကျမ်း၏ ရှာရေ့ဟ်(အကျယ်ပြန်ရေးသားသူ) အလ္လာမဟ်အိုင်နီး(ရဟိမဟုလ္လာဟ်)သခင်သည် မိမိ၏ (ဗိုခါရီအကျယ်ပြန်) အွမ်ဒသွလ်ကာရီကျမ်းတွင် ရေးသားထားသည်မှာ (၁၇) ပါးသော စွဟာဗဟ် (ရသွေရလ္လာ ဟုအန့်ဟွမ်)များမှ စဲဟ်ရီစားခြင်း၏ အကျိုး ဖဇီလသ်နှင့်ပတ်သတ်သော ဟဒီးဆ်တော်များ ဆင့်ဆိုထားကြောင်းနှင့် စဲဟ်ရီစားခြင်း၏ စွန္နသ်၊ မွတ်စ်သဟဗ်ဖြစ်ခြင်းအပေါ် အိုလာမာများ၏ အိဂ်ျမားအ် (စုစည်းမှု)ရှိကြောင်း ရေးသားထားပေသည်။
မွတ်စ်လင်မ်ကျမ်း၏ ရှာရေ့ဟ်(အကျယ်ပြန်ရေးသားသူ) အိမားမ်နဝဝီ (ရဟိမဟုလ္လာဟ်)သခင်သည်လည်း စဲဟ်ရီစားခြင်း၏ အကျိုးဖဇီလသ်နှင့် ၎င်း(စဲဟ်ရီစားခြင်း)၏ မွတ်စ်သဟဗ် ဖြစ်ခြင်းအပေါ် ဖုကဟားအ် (အစ္စလာမ့်ဥပဒေပညာရှင်များ)၏ အိဂ်ျမားအ် (စုစည်းမှု)ရှိကြောင်း ဆင့်ဆိုထားပေသည်။
(المجموع شرح المهذب :ج،6 ، باب السحورفي ﺍﻟﺼﻮﻡ)
အင်န်ရှာအလ္လာဟ် » လာမည့်အပိုင်(၅)တွင် စဲဟ်ရီ၏ အကျိုးဖဇီလသ်နှင့် ပတ်သတ်ပြီလာရှိထားသော ဟဒီးဆ်တော်များအား တင်ပြပေးသွားပါမည်။
မလ်ကွမ်အက်စ် | အလင်းမျက်ဝန်း
အီစလမ့်မီဒီယာ(ကော့သောင်း)
No comments:
Post a Comment