Wednesday, December 17, 2014

အော် ဖြစ်ရလေခြင်း


သတင်းတွေမှာ အခြားဘာသာစကားနဲ့ ရေးထားတာတွေ မတောက်တခေါက်နဲ့ လိုက်ဖတ်ပြီး တာလီဘာန်ဆိုတဲ့ စာလုံးလေးတစ်လုံး မြင်တာနဲ့တင် အဲ့ဒီပါကစ္စတာန် ပေရှာဝရ် ကျောင်းသားလေးတွေကို အကြမ်းဖက်တိုက်ခိုက်တာ တာလီဘာန်ပါလို ကောလဟလ တွေဖြန့်လိုက်ကြတာ
ကျွန်တော်လည်း မအားသေးတော့ မကြည့်ဖြစ်သေးတာ
တကယ်တမ်း သွားကြည့်တော့ ဖွေ့စ်ဘုတ်မှာ လိုက်ဖွနေတာ ကိုယ့်လူတွေကိုပဲ့ ဝမ်းနည်စွာတွေနေရတယ် တာလီဘာန် နာမည်ပါတာက အကြမ်းဖက်ထားတာ မဟုတ်ဘူး စိတ်မကောင်းကြောင်း အဲ့ဒီအကြမ်းဖက်မှုကို ရှုတ်ချကြောင်း ပြောထာတာ
ခုတော့ ????

သတင်း မူရင်းလင့် လိပ်စာပါ တခါတည်း တင်ပေးလိုက်တယ်
အခြာ နောက်သာစကား တွေပြောင်င်ပြီတော့လည်း ကြည့်လို့ရတယ်

http://www.bbc.co.uk/urdu/pakistan/2014/12/141217_peshawar_victims_burried_tim

Friday, December 12, 2014

လက်ကိုင်ဖုန်းပေါ်မှ အာယသ်တော်များ

ယနေ့လူတိုင်းလက်တွင် မှန်ထောက် လက်ကိုင်ဖုန်း များရောက်လာခြင်းနှင်အတူ ဖွေ့စ်ဘုတ်အသုံးပြုမှုလည်း ရေပန်းစားနေပါသည်။
မှန်ထောက် လက်ကိုင်ဖုန်းအသုံးပြုသူ မွစ္စလင်မ် လူငယ်လူကြီး အမျိုးသား အမျိုးသမီး အများစုသည် ကုရ်အာန်များ အာယသ်တော်များ ဖုန်းထဲးတွင်သိမ်းထားကြပါသည်။
၎င်းအပြင် ဖွေ့စ်ဘုတ်တွင်လည်း အာယသ်တော်များ ရေးတင် ထားကြပါသည်။
ထိုသို့ အာယသ်တော်များ ဖုန်းမျက်နှာပြင်တွင် ပေါ်လာသောအခါ ဝူဇူမရှိပဲထိတွေ့ ကိုင်တွယ်နေကြပါသည်။
အာယသ်တော်များကို ကျမ်းစာအုပ်အဖြစ် ဝူဇူမရှိပဲကိုင်တွယ်၍မရသလို ဖုန်းမျက်နှာပြင်တွင် ပေါ်လာသော အာယသ်တော်များကိုလည်း ထိတွေ့ကိုင်တွယ်၍ မရပါသောကြောင့် အထူဆင်ခြင်ကြရန် အရေးကြီးပေသည်။

TUFAN

Friday, December 5, 2014

ငွေကြေးဟူသည်နှင့်ဘဏ်လုပ်ငန်း ၂

ကျွန်တော် ငွေကြေးနှင့် ဘဏ်များ စတင်ပေါ်ပေါက်လာပုံကို အကျဉ်းတင်ပြခဲ့ပြီးဖြစ်သည်။

အခုငွေကြေး၏ပြေားလဲးမှုနှင့် ဂျူး(ယဟူဒီ)တို့၏ လှည့်စားမှုအကြောင်း ဆက်လက်တင်ပြသွားပါမည်။
ငွေကြေးဟူသည် ရွှေငွေဒင်္ဂါးများနှင့် ရည်ရွယ်ချက် တူကြသော်လည်း မတူညီမှု များစွာရှိနေပါသည်။

ငွေကြေး၏ တန်ဖိုးသည် အချိန်အတိုင်းတာနှင့် တန်ဖိုးတွင်အမြဲး ပြောင်းလဲးနေပါသည်။

ရွှေငွေဒင်္ဂါးများသည် မည်သည့်အခါမျှ တန်ဖိုးမဲ့သွားသည်မရှိ မိမိတန်ဖိုးကို အမြဲးထိန်းသိမ်းထာနိုင်ပေသည်။

ရွှေငွေဒင်္ဂါးများကို မည်သည့်နေရာ/ နိုင်ငံ/ အချိန်/အကန်သတ်မရှိ အသုံးပြုနိုင်သည်။

ဥပမာ လူတယောက်သည် ရွှေဒင်္ဂါးများကို မည်သည့်နိုင်ငံ၌ မဆို လွတ်လပ်စွာ အသုံးပြုနိုင်သလို အကယ်၍မြေထဲး၌ နှစ်ပေါင်းတစ်ရာ မြုပ်ထားပြီး ပြန်တူးယူမည်ဆိုပါက ရွှေဒင်္ဂါးများ၏ တန်ဖိုးသည် ပျက်ပြယ်သွာသည်ဟူ၍ မရှိပါ။

ငွေစက္ကူများသည် ထိုသို့မဟုတ်ပေ လူများ (devalu တန်ဖိုးလျှော့နည်းစေသည်) မလုပ်သည်တိုင် အလိုလျှောက် devalu ဖြစ်နေလေ့ရှိပါသည်။
နေ့စဉ် ငွေကြေးဈေးကွက်၏ ပြောင်းလဲမှု ဒေါ်လာဈေး အတက်အကျတိုသည် စီပွားရေးသမားများ ကြုံကြိုက်နေရသည်။

ထို devalu ဖြစ်ခြင်း၏အစကို ပြောရသော် ဂျူး(ယဟူဒီ) တို၏ လုပ်ရပ်များမှ စတင်ရပေမည်။

၎င်းတို့သည် ငွေတိုးလုပ်ငန်၌ ပြိုင်စံရှား အလွန်အောင်မြင်နေကြသော သူများဖြစ်ကြပါသည်။
၎င်းတို့၏ငွေတိုး လုပ်ငန်းများသည် မနေ့တနေ့ကမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။
တမန်တော်အီဆာ အလိုင်ဟိစ္စခေတ် မတိုင်မှီအချိန်မှစ၍ ငွေတိုးလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်နေကြပြီးဖြစ်ပါသည်။

တမန်တော်အီဆာအလိုင်ဟိစ္စလာမ်သည် ၎င်းင်းတို့၏ ငွေတိုးလုပ်ငန်းများပေါ် ပြင်းထန်သေား တားမြစ်ချက်များ ပြုလုပ်လိုက်သော် အခါမှစ၍ ယဟူဒီများ၏ရန်ငြိုးထားခြင်းကို စတင်ကြုံတွေ့ရပေတော့သည်။

ဖြစ်စဉ်မှာ
တမန်တော် အီဆားအလိုင်ဟိစ္စလာမ်သည် အလွန်နှုညံ့သိမ်မွှေသောနဗီတပါးဖြစ်ပြီး အီဆားအလိုင်ဟိစ္စလာမ် ထံချပေးခြင်းခံရသော ရှရီအသ်မှာလည်း အလွန်ပျော့ပျောင်းလှပေသည်။
ဥပမာ လူတဦးကပါးတချက် ရိုက်လျှင် နောက်ပါးတဖက်ထိုးပေး၍ နောက်တချက်ရိုက်စေသည်။
တနေ့တွင် တမန်တော်အီဆားအလိုင်ဟိစ္စလာမ် သည် ဗလီသို့လာစဉ် ဗလီ၌ ယဟူဒီတို့သည် ငွေတိုးစာရင်းများ တွက်ချက်နေကြပါသည်။ တမန်တော်အီဆားအလိုင်ဟိစ္စလာမ်သည် မြင့်မြတ်သန့်ရှင်းသော နေရာတွင် အလွန်ညစ်ညမ်းသော ၎င်းတို့၏ လုပ်ရပ်ကိုမြင်သောအခါ အလွန်အမျက်ဒေါသ ထွက်တော်မှုပြီ ၎င်းတို့ကို ရိုက်နှက် မောင်းထုတ်လိုက်ပေသည်။

ထိုသို့ပျော့ပျောင်းသား နဗီထံမှ ပြင်းထန်မှု မြင်ရသောအခါ ၎င်းတို့သည် အလွန်အံ့သြကြပြီး တမန်တော်အီဆားအလိုင်ဟိစ္စလာမ် အပေါ်အကောက်ကြံကြလေသည်။

သို့သော် ၎င်းတို့ကိုယ်တိုင် မလုပ်ပဲ romam မြို့စားနှင့် ရန်တိုက်ပေး၍ လုပ်ကြံစေရန်အကြံဖြင့် အီဆားအလိုင်ဟိစ္စလာမ် ထံလူတယောက်လွတ်၍ မဆ်အာလာဟ် မေးစေသည်။

၎င်းမှာ taxes ပိုက်ဆံများကို roman မြို့စားကိုပေ၍ပိုင်မပိုင်
အကယ်၍မပိုင်ဟုပြေားလျှင် roman မြို့စားကို ပုန်းကန်ရာရောက်ပြီ ပိုင်တယ်ဟုပြေားလျှက် မိမိယုံကြည်ချက် (အကီဒဟ်) နှင့်ဆန်ကျင်နေပေသည်။

သို့ရှိရာ အီဆားအလိုင်ဟိစ္စလာမ်သည် ၎င်းတို့၏ ပက်စက်သော အကြံယုတ်များကို သိမြင်ပြီနောက် ထိုသို့သော အဖြေကိုပေးလိုက်ပေသည်။ မိမိယုံကြည်ချက်လည်း မထိခိုက် roman မြို့စားလည် အပြစ်မမြင်နိုင်ပေ။

ထိုသို့အဖြေပေးလိုက်လေသည် -?-?-?-?

ဆက်လက်တင်ပြပေးသွာပါမည်။

TUFAN

Tuesday, December 2, 2014

ငွေကြေးဟူသည်နှင့် ဘဏ်လုပ်ငန်း

ငွေစက္ကူများ(mone paper)ကို ယနေ့ ကမ္ဘာ့နိုင်ငံများတွင် တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။
အခြေအနေ နှင့် အချိန်အတိုင်းတာ တစ်ခုထိ ငွေစက္ကူများကို (valuable တန်ဖိုးနှင့် အရေးပါမှုကို) လူတိုင်းလက်ခံ ကြပါသည်။
သို့သော် ငွေစက္ကူမျာ၏ မူလအစနှင့် ဖြစ်ပေါ်လာပုံသမိုင်းကို သိသူနည်းပါးလှပါသည်။
ငွေကြေး၏မူလအစသည် ငွေစက္ကူ များမဟုတ်ခဲ့ပေ ရွှေငွေဒင်္ဂါးများ gold coin, silver coin ဖြစ်သည်။
ငွေကြေးမပေါ်ခင်ကာလများတွင် ပစ္စည်းချင်းဖလယ်ခြင်းဖြင့်လည်ကောင်း ပစ္စည်းများအား ရွှေစငွေစ သို့ ဒင်္ဂါးများဖြင့်လည်းကောင်း ရောင်းဝယ်မှုများပြုလုပ်ကြပါသည်။

ထိုကြောင့် ကုရ်အာန်ဟဒီးဆ်တော်များနှင့် ဖွေကာကျမ်းများတွင်  ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ရွှေငွေဒင်္ဂါးများဖြင့်သာ ဆုံးဖြတ် သတ်မှတ်ပေးပါသည်။

ငွေစက္ကူများ mone paper ၏မူလတွင် receives ငွေလက်ခံရှိကြောင်း ထောက်ခံစာများ အဖြစ်အသုံးပြုကြပြီး နောက်ပိုင်းတွင် ငွေစက္ကူအဖြစ် currency အသွင်ဆောင်ကာ တွင်ကျယ်စွာ အသုံးပြုလာကြပါသည်။
သို့သော် အားလုံးတွင် တူညီမှုတစ်ခုရှိပါသည်။
၎င်းမှာ ထိုငွေစက္ကူများ၏နောက်ကွယ်တွင် ရွှေဒင်္ဂါး သို့ ရွှေစ ရှိပါသည်။
ထို receives လက်ခံရရှိသေားသူသည် လိုအပ်လာသည့် မည်သည့်အချိန်တွင်ဖြစ်စေ ၎င်းရွှေများကို သွာရောက်ထုတ်ယူနိုင်ကြပါသည်။

နောက်ပိုင်းခေတ်များတွင် ဘဏ်များတွင် ငွေစက္ကူ၏ နောက်ကွယ်မှရှိနေသေား ရွှေများမရှိကြတော့ပေ။

ထိုကြောင့် (ငွေအော်ခြင်း) ငွေဖျက်သိမ်းခြင်း ငွေသေခြင်းများဖြစ်ပေါ်ကာ ပြည်သူများတွင် များစွာနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေပါသည်။ အချို့သောသူများသည် ရူးသွပ်ခြင်း မိမိကိုယ်ကို သတ်သေခြင်းများ အထိပင်ဖြစ်ပေါ်စေပါသည်။
ရွှေနောက်ခံရှိသော ငွေစက္ကူများသည် ငွေကြေး ခိုင်မာမှုရှိကြပြီး ရွှေနောက်ခံမရှိသော ငွေစက္ကူများသည် ငွေကြေးခိုင်မာမှု မရှိပေ။

ငွေကြေးခိုင်မာမှုမရှိပါက ငွေကြေးဖောင်းပွမှု ဖြစ်ခြင်း/ ကုန်ဈေးနှုန်း တည်ငြိမ်မှုမရှိခြင်း/ လုပ်အားယိုစိမ့်မှု ဖြစ်ခြင်း(နိုင်ငံခြား သွားရောက် အလုပ်လုပ်သူများ) / ဆင်းရဲးသားပြည်သူများ ဂုတ်သွေးစုပ်ခံရခြင်း/ balances ဝင်ငွေထွက်ငွေညီမျှမှု မရှိခြင်း/ ဝန်ထမ်းများတွင် ကျင့်ပျက်ခြစားမှုပေါများလာခြင်း/ လာဘ်ပေးလာဘ်ယူပေါများလာခြင်း/ နိုင်ငံခြားရင်းနီမြုပ်နှံမှု ကို အဟန့်တား ဖြစ်စေခြင်း/ စက်မှုလက်မှုတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မှု မရှိခြင်း အချုပ်ဆိုရသော် နိုင်ငံတိုးတက်မှုနှင့် လူမျိုးကောင်းစားမူတို့ကို နောက်နှေးခြင်းများ ဖြစ်ပေါ်စေ၍ ၎င်းအကျိုးဆက်များကို ပြည်သူလူထုသာ ခါးစည်းခံရပေသည်။

ငွေကြေးစတင်ပေါ်ပေါက်လာပုံ၏ အနီကပ်ဆုံးနှင့် အလွယ်ဆုံး ဥပမာပေးရသော်
မြို့တစ်မြို့တွင် ရွှေဆိုင်တစ်ဆိုင်ရှိပါသည် ရွှေရှိသောသူများသည် ၎င်းဆိုင်သို့ လာ၍မိမိတို့၏ ရွှေစငွေစများကို လာရောက်ဖြတ်တောက်စေ၍ မိမိတို့၏ လိုအပ်ပစ္စည်းများ ဝယ်ယူကြပါ။
နောက်ပိုင်းတွင် လူတို့သည် ရွှေဆိုင်ရှင်ထံ ရွှေများလာရောက် အပ်ထားလိုက်ကြပြီး ရွှေဆိုင်ရှင်ထံမှ ရွှေရှိကြောင်း ထောက်ခံချက် receives များယူသွားကြပါသည်။
receives လက်ခံရရှိသေားသူသည် လိုအပ်လာသည့် အချိန်တွင် ၎င်းရွှေများကို receives ၏တန်ဖိုးနှင့်ညီသော ရွှေများကို သွာရောက် ထုတ်ယူကြပါသည်။
နောက်ပိုင်းတွင် ရွှေများထိန်းသိမ်း၍ ငွေစက္ကူများ ထုတ်လုပ်ပေးသော ဘဏ်များဖြစ်ပေါ်လာပါသည်။

အပိုင်းဆက်များ ဆက်လက်တင်ပြသွားပါမည်

TUFAN

Sunday, November 23, 2014

ကွဲလွဲမှု အပိုင်း (၄)

မိမိကိုယ်မိမိ ဘာကြောင့် ဟႏၷဖြီ / ရွာဖြီ လို့ပြောရတာလဲ
မွစ္စလင်လိုပြောပါလာ

မွစ္စလင် နှင့် ဟန္နဖွီ/ရှာဖွီ ဘာကွာလဲ နားမလည်သူတွေလုံးချ ပြောဆိုလေရှိတဲ့စကား လေးတစ်ခွန်းပါ။
အဖြေက လွယ်လွယ်လေးပါ။

အီမာန်ရှင်တွေအတွက် ကာဖိရ်တွေမှ ခွဲခြားဖို့ ရာ မွစ္စလင်မ် လိုပြေားရပါတယ်။

ဗိဒ်အာသ်လုပ်သူတွေမှခွဲခြားသိစေရန် အဟ်လေစ္စန္နသ်လို့ ပြောရပါတယ်။

အမလ်ကျင်သုံးမှု ဆိုင်ရာ ကျင့်သုံး ပုံကွာခြားမှုအရ ဟန္နဖွီ / ရှာဖွေအီ လို့ ပြောရပါတယ်

ဥပမာအားဖြင့်
လူတစ်ယောက်ဟာ
မြန်မာနိုင်ငံ
တနင်္သာရီတိုင်း
ကော့သောင်းမြို့နယ်
ရွှေပြည်သာရပ်ကွက်
ဗိုလ်ချုပ်လမ်းတွင်နေထိုင်ပါသည်။

၎င်းအားနိုင်ငံ ခြားတွင် မြန်မာပြည်သား ဟုပြောဆို၍
အခြားမြို့နယ်များတွင် ကော့သောင်းမြို့နယ်ကပါဟု ပြောဆိုပါသည်။
အခြားရပ်ကွက်တွင် မေခြင်းခံရပါက ရွှေပြည်သာတွင် နေပါသည်ဟု ဖြေရမည်ဖြစ်ပါသည်။

ထိုသို့ပင် ကာဖရ်များမှ ကွဲပြားစေရန် မွစလ္လင်မ် ဟုပြေားရပါမည်
အကယ်၍ ဗိဒ်အာသ် လုပ်သူများ မှကွဲပြားရန်ရည်ရွယ်သော် အဟ်လေစွန္နသ် ဟုပြောရပေမည်။
အကယ်၍ အမလ်ကျင့်သုံးမှုအရ ကွာခြားမှု့ကို သိလိုသော် ဟန္နဖွီ/ ရှာဖွေအီ/ ဟမ်ဗာလီ/ မာလီကီ ဟူ၍ မဇ်ဟဘ် အမည်များဖြင့် အဖြေပေးရပေမည်။

TUFAN ( طوفان )

---------------------------------------------------------

မွစ္စလင်မ်မီဒီယာ(ကော့သောင်း)
http://kawthaung786.blogspot.com

Friday, November 21, 2014

မွစ္စလင်မ် မီဒီယာဆောဖ်ဝဲး

မွစ္စလင်မ် မီဒီယာဆောဖ်ဝဲးကို Android ဖုန်းတွေမှာ တင်ထားနိုင်ရန် ဒေါင်းလော့လင့်ပြန်ရပါပြီ
အရင်လင့်က ပျက်သွားလို့ ခုလင့်အသစ်ပြန်တင်ပေးလိုက်ပါတယ်
အောက်မှာဒေါင်းလော့လုပ်လိုက်ပါ

http://www2.zippyshare.com/v/7320946/file.html
အားလုံးအဆင်ပြေကြပါစေရန်ဒိုအာလုပ်ပါတယ်။

Thursday, November 20, 2014

ကွဲလွဲမှု ( ၃ )

၃/ ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှု

ရှင်းလင်းချက်''
(အမလ်ကျင့်သုံးမှုပိုင်းဆိုင်ရာတွင် ကွဲလွဲမှု)

ထိုကွဲလွဲမှုသည် ကောင်းသေား ကွဲလွဲမှုဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် နဗီတမန်တော်များ၏ ရှရီအသ်များတွင် လည်းကောင်း / ဟဒီးဆ်ကျမ်းများ တွင်လည်းကောင်း  မြောက်များစွာ သောကွဲလွဲမှုများကို တွေ့ရပါသည်။

ထိုကွဲလွဲမှုများအား အနည်းအကျည်း တင်ပြရသော် ----

၁))))  နဗီတမန်တော် အလိုင်ဟိမုစ္စလာမ်များ၏ ရှရီအသ်များတွင် ကွဲလွဲမှုများ

က) တမန်တော် အာဒမ်း အလိုင်းဟိစ္စလာမ်၏ ရှရီ အသ်တွင် မောင်နှမချင်း နေကာဟ်ပြုပိုင်ပေသည်။

ခ) တမန်တော် ယူစွဖ် အလိုင်းဟိစ္စလာမ်၏ ရှရီ အသ်တွင် လေးစားသော အနေဖြင့် လူသားအား ဆဂျီဒါလုပ်ပိုင်ပေသည်

ဂ ) တမန်တော် မူဆာ အလိုင်းဟိစ္စလာမ်၏ ရှရီ အသ်တွင် အညစ်ကြေးပေကျံသွားသော အဝတ်ထည်၏ အစိတ်ပိုင်းများအား ဖြတ်တောက် ပစ်ရပေသည်။

ဃ ) တမန်တော် အီဆာ အလိုင်းဟိစ္စလာမ်၏ ရှရီ အသ်တွင် အရက်သည် ဟလာလ်ဖြစ်ပေသည်။

အထက်တင့်ပြပါ ကျင်သုံးမှုပိုင်းဆိုင်ရာ ဖူရူအီး မဆ်အာလာ များသည် ကျွန်တော်တို့ တမန်တော်မြတ် ဆွလောလ္လာဟု အလိုင်းဟိဝစလ္လာမ်၏ ရှရီအသ်နှင့် ကွဲလွဲနေကြောင်းကို သာမန် မွစ်လင်မ် တယောက်ပင် သိနိုင်ပေသည်။

ထိုသို့ဖြစ်လင့်ကစား ကုရ်အာန်ကျမ်းတော်မြတ်တွင် နဗီတမန်တော်များ၌ မကွဲလွဲကြကြောင်း လာရှိထာပေသည်။

ထိုသို့ဆိုလျှင် ကွဲလွဲမှုမလုပ်ကြရန် ကုရ်အာန်ကျမ်းတော်မြတ်က အမိန့်ပေးသည့်မှာ အီမာန်နှင့်ဆန့်ကျင်သော အဟ်လေဟက်နှင့် ဆန့်ကျင်သောကွဲလွဲမှူ မလုပ်ကြရန်သာ ဖြစ်ပေတော့သည်။

၂)))) တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစ္စလာမ် ရှိစဉ်ခါ၌ ဆဟာဗာများ၏ ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှုများ
(က) တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစ္စလာမ် ရှိစဉ်ခါ၌ ဆဟာဗာများ၏ ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှုများအား တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်ဟိဝစလ္လာမ်မှ အပြစ်တင်တော်မူခဲ့ခြင်း မရှိသော ကွဲလွဲမှုများ

က)  ဂါဇ်ဝါအေဗနူကိုရိုင်ဇွားတွင် တမန်တောမြတ် ဆွလ္လောလ္လာဟုအလိုင်ဟိဝစလ္လာမ်က အဆွရ်နမာဇ်အား ဗနူကိုရိုင်ဇွားရောက်မှဝတ်ပြုရန်မိန်တော်မူလေသည်။
လမ်းတွင် အဆွရ်အချိန်ကုန်လုနီးနီးဖြစ်လာသောအခါ အချို့သေားဆွဟာဗာများက အချိန်အရအမလ်လုပ်သည့် အနေဖြင့် အဆွရ်နမာဇ် ဖတ်လိုက်ကြလေ သည်။
တချို့သောဆဟာဗာများသည် တမန်တော်မိန့်တော်မူသည်နှင့်အညီ ဗနူကူရိုင်ဇွား ရောက်မှဝတ်ပြုကြပါသည်။
ထိုသို့ ကွဲလွဲမှုဖြစ်ခဲ့ပါသော်လည် တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်ထံပါးသို့ ပြန်ရောက်စဉ်တင်ပြသောအခါ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် သည်မည်သည် ဘက်ကိုမှအပြစ်ဆိုတောမူခြင်း မပြုခဲ့ပေ။
صحيح البخاري / كتاب المغازي
ကျမ်းကိုး (ဆွဟီဟွလ်ဗိုခါရီ / ကီတာဗွလ်မဂါဇီ)

ထိုဖြစ်စဉ် ဖြင့်သိရသည်မှာ ကွဲလွဲမှုဖြစ်စဉ်ကို မှန်ကန်မူပေါ်တွင် တည်ရှိကြောင်း တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်သည် လက္ခံတော်မူသော အထောက်ထား ပင်ဖြစ်ပေသည်။

ခ) ဟသွရသ် အဗူစအီးဒ် ရသွေယောလ္လာအန်ဟု သခင်ထံမှ ဆင့်ပြန်ချက် တစ်ရပ် လာရှိသည်မှာ
ကျွန်ုပ်တို့သည် တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် နှင့်အတူ ရမ်ဇန်လ ၁၆ ရက်ကျော်ပြီးနောက် စစ်ပွဲးတစ်ခုသို့ သွားနေကြပါသည်။ ကျွန်ုပ်တို့ထဲတွင် အချို့သောသူများသည် ရိုဇာထားကြပါသည်။ အချို့သောသူများသည် ရိုဇာမထားကြပေ။
ရိုဇာထားသူများသည် ရိုဇာမထားကြသူများအား အပြစ်တင်ပြောဆိုကြခြင်း မပြုကြသလို ရိုဇာမထားသူများသည် ရိုဇာထားကြသူများအား အပြစ်တင် ပြောဆိုကြခြင်း မပြုကြပေ။
صحيح المسلم / كتاب الصوم
ကျမ်းကိုး  (ဆွဟီဟွလ်မွစ္စလင်း ကီတာဗွလ် ဆောင်းမ်)

တင်ပြပါ ဟဒီးဆ်တော်အရ သိရှိရသည်မှာ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် ရှိနေပါလျှက် ဆွဟာဗာများအကြား ဖူရူအီးမဆ်အလ်တွင် ကွဲလွဲမှု ဖြစ်ကြပါသော်လည် ထိုကွဲလွဲမှုအား မကောင်းမြင်ခြင်း အပြစ်ပြောခြင်းများ မရှိခဲ့ကြပေ။

ဂ) ဟသွရသ်  ဂျာဗေရ် ရသွေယောလ္လာအန်ဟု သခင်ထံမှ ဆင့်ပြန်ချက် တစ်ရပ်လာရှိသည်မှာ ဆွဟာဗာနှစ်ပါးသည် ခရီးတစ်ခုတွင် ရေမရရှိသဖြင့် သယမ်မွမ်ပြုလုပ်၍ နမာဇ်ဖတ် လိုက်ကြပါသည်။ ၎င်းနောက် အချိန်မကုန်မှီ ရေရရှိသဖြင့် ဆွဟာဗာတစ်ပါးမှာ ဝူဇူပြုလုပ်၍နမာဇ် ပြန်ဖတ်လိုက်ပါသည်။ ကျန်တစ်ပါးမှာ ပြန်မဖတ်ပေ။
တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် ထံပါးသို့ ပြန်ရောက်စဉ်လျှောက်တင်ရာ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်
သည် နမာဇ်ပြန်မဖတ်သော ဆွဟာဗာအား မိန့်တော်မူသည်မှာ အသင် မှန်ကန်ပေသည်။ နမာဇ်ပြန်ဖတ်လိုက်သော ဆွဟာဗာအား အသင် အကျိုးစဝါဘ် နှစ်ခါရပေသည်။
سنن النسائى / كتاب الطهارة / باب التيمم
ကျမ်းကိုး (စူနနေနဆာအီ ကီတာဗွလ် တွဟာရသိ ဗာဗွလ်သယမ္မုမိ)

တင်ပြပါ ဟဒီးဆ်တော်အရ သိရှိရသည်မှာ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်သည် ဆွဟာဗာများအကြား ဖူရူအီမဆ်အာလာကွဲလွဲမှုကို နှစ်ဦးနှစ်ဘက်လုံ မှန်ကန်မှုအပေါ် တည်ရှိကြောင်း နှင့် အကျိုးစဝါဘ် ရရှိမည့်အကြောင်း မိန့်တော်မူးခဲလေသည်။

၎င်းအပြင်နောက်လည် ဆွဟာဗာကြီးများ သာဗေအီန်ကြီးများ သာဗာ့သာဗေအီန်ကြီးများ မွဂ်ျသာဟီးဒ်ကြီးများ၏ ကွဲလွဲမှုမြောက်များစွာကို ဟဒီးဆ်ကျမ်းများ၌ တွေမြင်နိုင်ပါသည်။

(မှတ်ချက်)
ယ္ခုတင်ပြထားသေား ဟဒီးဆ်တော်များအား အများစုမွစ္စလင်မ် များနာလည်လွယ်စေရန် မြန်မာစာပေနှင့် ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပေသည်။ ၎င်းဟဒီးဆ်တော်များအား ကွဲလွဲမှု အပိုင်း (၅) တွင် အဓိပ္ပါယ်နှင့်တကွ ထပ်မံတင်ပြပေးပါမည်။

ထပ်မံ၍သိလိုပါက
موطأ إمام مالك
مسند إمام أبي حنيفة
مسند إمام الشافعي
مسند إمام احمد
مصنف إبن ابي شيبة
مصنف عبد الرزاق
سنن دارمي
سنن بيهقي
موطأ إمام محمد
شرح مشكل الآثار
معني الآثار

စသောဟဒီးဆ်ကျမ်းများ၌ လေ့လာနိုင်ကြပါသည်။
အထူးသဖြင့် ترمذى  ကျမ်းတွင်  ဆွဟာဗာကြီးများ သာဗေအီန်ကြီးများ သာဗာ့သာဗေအီန်ကြီးများ မွဂ်ျသာဟီးဒ်ကြီးများ၏ ကွဲလွဲမှုများကို ဟဒီးဆ်တော်များတင်ပြပြီးနောက်တင်ပြလေရှိပါသည်။

အကယ်၍ တစ်ဦးတစ်ယောက်သေားသူသည် ဟႏၷဖြီ ရွာဖြီ ကြဲလြဲမႈေတြ မလုပ်သင့်ဘူးဟုပြေား လာခဲ့သော် ဒီးန်အကြောင်းနားမလည် ဟဒီးဆ်တော်တွေကို သဘေားမပေါက် ကောင်သောဆိုးသော အရာများကို ခွဲခြားမသိ ၍သာ ပြေားခြင်းဖြစ်ပေသည်။

မြောက်များစွာသေားအများတွင် အကောင်းနှင့်အဆိုး နှစ်မျိုးစလုံးရှိနေပေသည်။  အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်တတ်ရန် အရေးကြီးပါသည်။ သို့မှသာ အကောင်းကိုဆောင်၍ အဆိုးကိုရှောင်နှိင်ပေမည်။

ဥပမာ အေလင်မ် ပညာတွင် ကောင်းသော အေလင်မ်နှင့် မကောင်းသော အေလင်မ်ဟူ၍နှစ်မျိုးရှိနေပါသည်။
အေလင်မ်အားလုံးကို ကောင်းသည်ဟုယူဆမိလျှင် မှာယွင်းသကဲ့သို့ အေလင်မ်အားလုံးကို မကောင်းယူဆခြင်းသည်လည်းမှားယွင်းပေသည်။

ကွဲလွဲမှုသုံးမျိုး တင်ပြပြီးနောက် အကျဉ်း ရှင်လင်ချက် ----
၁/  အီမာန်နှင့် ကုဖ်ရ် ၏ကွဲလွဲမှု
၂/  အဲဟ်လေစွန္နသ် နှင့် အဲဟ်လေဗိဒ်အသ် ၏ကွဲလွဲမှု
၃/  ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှု( အမလ် ကျင့်သုံးမှု ပိုင်းဆိုင်ရာတွင် ကွဲလွဲမှု )

ကွဲလွဲမှုမလုပ်ကြရန် ကုရ်အာန် / ဟဒီးဆ်တော်များ၌ တာမြစ်ထားပါသည်။
ထိုတားမြစ်ချက်များသည် ပထမနှင့် ဒုတိယ ကွဲလွဲမှုများကို ဆိုလိုခြင်းဖြစ်ပါသည်။
ထိုကွဲလွဲမှုနှစ်ခုသည် မည်သည့်နဗီ ရစူလ်၏ ရှရီအသ်တွင်မှ ကွဲလွဲခဲ့ခြင်းမရှိခဲ့ပေ အာလုံးထံတွင်တူညီမှုရှိနေပါသည်။

တတိယတစ်မျိုးမှာ နဗီတပါးနှင့်တပါး မတူကြသလို ကျွန်ုပ်တို့၏ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်၏ နောက်လိုက်များ တွင် တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် ရှိစဉ်ခါမှစ၍ ကွဲလွဲမှုရှိခဲ့ကြပါသည်။

အချုပ်ဆိုရသော် ဟႏၷဖြီ ရွာဖြီ ကွဲလွဲမှုများသည် ကောင်းသေား ကွဲလွဲမှုဖြစ်ပါသည်။
ထိုသို့ကွဲလွဲမှုဖြင့် အွမ္မသ်အတွက် သက်သာချောင်ချိမှုဖြစ်ပေါ်စေပါသည်။

إختلاف المجتهدين رحمة واسعة وإتفاقهم حجة قاطعة
မွဂ်ျသာဟီးဒ်ကြီးများ၏ ကွဲလွဲမှုများသည် အွမ္မသ်အားသက်သာချောင်ချိစေသော ရဟ်မသ်ဖြစ်၍ မွဂ်ျသာဟီးဒ်ကြီးများ၏ တူညီမှုရှိကြခြင်းသည် ခိုင်မာပြတ်သားသော အထောက်ထားဖြစ်ပေသည်။

ကွဲလွဲမှု အပိုင်း (၄)  ဆက်လက်အားပေးကြပါရန်

???? မိမိကိုယ်မိမိ ဘာကြောင့် ဟႏၷဖြီ / ရွာဖြီ လို့ပြောရတာလဲ ????
!!!! မွစ္စလင်လိုပြောပါလာ !!!!

TUFAN ( طوفان )

---------------------------------------------------------

မွစ္စလင်မ်မီဒီယာ(ကော့သောင်း)
http://kawthaung786.blogspot.com

Sunday, November 9, 2014

ကွဲလွဲမှု  ( ၂ )

၂/  အဲဟ်လေစွန္နသ် နှင့် အဲဟ်လေဗိဒ်အသ် ၏ကွဲလွဲမှု

ရှင်းလင်းချက်''
အဲဟ်လေစွန္နသ်လမ်းစဉ်ပေါ် လျှောက်လှမ်းနေကြသော သူများနှင့်
ဗိဒ်အသ်လမ်းစဉ်ပေါ် လျှောက်လှမ်းကြသောသူများ၏ ကွဲလွဲမှု

နဗီတမန်တော်များ၏အပြစ်များမှကင်းစင်ခြင်းအားငြင်းပယ်ခြင်း/ ကဗရ်အဇာဘ်အား ငြင်းပယ်ခြင်း/ မီဇာန်အားငြင်းပယ်ခြင်း/ ခလီဖွာသာဝကကြီးလေးပါးတွင် ဟသွရသ် အလီရသွေယောလ္လာဟု အန်ဟု အား အမြင့်မြတ်ဆုံး ဟုယူဆခြင်း/ ဆွဟာဗာသာဝကကြီးများအား ဆဲဆိုခြင်း /မကောင်းမြင်ခြင်း /အပြစ်အနာစာများရှာဖွေ ဖော်ထုတ်ခြင်း/ ဆွဟာဗာသာဝကကြီးများအား သစ္စာသမာဓိမရှိသူများဟု ယူဆခြင်း / ဂိုနာကျူးလွန်ရုံဖြင့် အီမာန်ပျက် ကာဖွရ်ဖြစ်သည်ဟု ယူဆခြင်း စသော စလ်ဖွီဝါဟာဘီ/ မိုအ်သာဇီလာ /ရှီအာ/ ဗရေလဝီ တို့၏ အယူအဆများ ထားရှိခြင်းတို့ဖြစ်သည်။

ထိုသို့သော အယူအဆများသည်  မှားယွင်းသော အယူအဆများဖြစ်ပြီး ၎င်းကွဲလွဲမှုသည် ဆိုးသောကွဲလွဲမှုဖြစ်သောကြောင့် ပြုလုပ်ခြင်းမပိုင်ပါ။
ထိုသို့သောကွဲလွဲမှုလုပ်ခြင်းဖြင့် ဟဒီးဆ်တော်မြတ်တွင် လာရှိထားသော ဂျဟန္နမ်သို့ ဝင်ရောက်ရမည့် ( ၇၂ ) အုပ်စုတွင်ပါဝင်သွားပေမည်။

             TUFAN ( طوفان )

----------------------------------

မွစ္စလင်မ်မီဒီယာ(ကော့သောင်း)
http://kawthaung786.blogspot.com

Thursday, November 6, 2014

ကွဲလွဲမှု( ၁ )

ကွဲလွဲမှု မလုပ်သင့်ဘူးဆိုတာ ဘယ်လိုလဲး

ကောင်းသောကွဲလွဲမှူ့နှင့် ဆိုးသော ကွဲလွဲမှုအရ  ကွဲလွဲမှု သုံးမျိုးရှိသည်

၁/  အီမာန်နှင့် ကုဖ်ရ် ၏ကွဲလွဲမှု
၂/  အဲဟ်လေစွန္နသ် နှင့် အဲဟ်လေဗိဒ်အသ် ၏ကွဲလွဲမှု
၃/  ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှု

ရှင်းလင်းချက်''
၁/  အီမာန်နှင့် ကုဖ်ရ် ၏ကွဲလွဲမှု
လူသားတိုင်း အီမာန်ရှင်ဖြစ်ရမည်။
ထိုသို့ အီမန်ရှင်ဖြစ်ရန် ယုံကြည်လက္ခံရမည့် အရေးကြီးသော ( အကီဒါ ) ယုံကြည်ချက်များကို အစ္စလာမ်သာသနာတော်မှ ပြဋာန်း ထားသည်နှင့်အညီ ယုံကြည်လက္ခံရန် အရေးကြီးသည်။

ထိုသို့ယုံကြည်မှုမထားပဲ ဆန့်ကျင်ဖက်လုပ်ခြင်းသည် ဆိုးသော ကွဲလွဲမှုလုပ်ခြင်းဖြစ်သည်။

ထိုကြောင့် ထိုယုံကြည်မှူ့များတွင် နဗီတမန်တော် အားလုံး၏ထံတွင် ကွဲလွဲမှုမရှိခဲ့ကြပေ။

အစ္စလာမ်ယုံကြည်မှူ့ကို အကျဉ်းချုံးတင်ပြရသော်

အောလ္လာအသျှင်မြတ်အား တပါးတည်းသော ကိုးကွယ်ရာ အသျှင်ဟု ယုံကြည်၍ ခဝပ်ကိုးကွယ်ခြင်း

နဗီတမန်တော် အပေါင်းအား ယုံကြည်ခြင်း

မိုးကောင်းကင်ကျ ကျမ်းများအား
ယုံကြည်လက္ခံ ခြင်း

ဖွရိရှ်သာ ကောင်းကင်တမန်တော်များအား ယုံကြည်ခြင်း

စစ်ဆေးမေးမြန်းခြင်းခံရမည့်နေ့ ကေယာမသ်နေ့အား ယုံကြည်ခြင်း

ဂျန္နသ်သုခဘုံ နှင့် ဂျဟန္နမ်ငရဲဘုံ အားယုံကြည်ခြင်း

သက္ကဒီရ် ကောင်းခြင်းဆိုးခြင်း သတ်မှတ်ချက် ဟူဟူသမျှ ကို အောလ္လာအသျှင်မြတ်သာလျှင် သတ်မှတ်တော်မူခြင်းစသည်တို့ ကိုယုံကြည်ခြင်း

ထိုသို့ သော ယုံကြည်ချက်များအား သို့မဟုတ် တစ်ခုခုအား မယုံကြည်ခြင်းဖြင့် မိုအ်မင်န် မွစ္စလင်မ် မဖြစ်နိုင်ပေ

၎င်းတို့အားမယုံကြည်ခြင်းသည် ကာဖွရ် ဖြစ်၍ ဆန့်ကျင်ဖက် လုပ်ခြင်းဖြစ်ပြီး ဆိုးသော ကွဲလွဲမှုဖြစ်သည်။

ဆက်လက်တင်ပြသွားပါမည်။

             TUFAN ( طوفان )

----------------------------------

http://kawthaung786.blogspot.com/2014/10/blog-post_17.html?m=1