Sunday, November 9, 2014

ကွဲလွဲမှု  ( ၂ )

၂/  အဲဟ်လေစွန္နသ် နှင့် အဲဟ်လေဗိဒ်အသ် ၏ကွဲလွဲမှု

ရှင်းလင်းချက်''
အဲဟ်လေစွန္နသ်လမ်းစဉ်ပေါ် လျှောက်လှမ်းနေကြသော သူများနှင့်
ဗိဒ်အသ်လမ်းစဉ်ပေါ် လျှောက်လှမ်းကြသောသူများ၏ ကွဲလွဲမှု

နဗီတမန်တော်များ၏အပြစ်များမှကင်းစင်ခြင်းအားငြင်းပယ်ခြင်း/ ကဗရ်အဇာဘ်အား ငြင်းပယ်ခြင်း/ မီဇာန်အားငြင်းပယ်ခြင်း/ ခလီဖွာသာဝကကြီးလေးပါးတွင် ဟသွရသ် အလီရသွေယောလ္လာဟု အန်ဟု အား အမြင့်မြတ်ဆုံး ဟုယူဆခြင်း/ ဆွဟာဗာသာဝကကြီးများအား ဆဲဆိုခြင်း /မကောင်းမြင်ခြင်း /အပြစ်အနာစာများရှာဖွေ ဖော်ထုတ်ခြင်း/ ဆွဟာဗာသာဝကကြီးများအား သစ္စာသမာဓိမရှိသူများဟု ယူဆခြင်း / ဂိုနာကျူးလွန်ရုံဖြင့် အီမာန်ပျက် ကာဖွရ်ဖြစ်သည်ဟု ယူဆခြင်း စသော စလ်ဖွီဝါဟာဘီ/ မိုအ်သာဇီလာ /ရှီအာ/ ဗရေလဝီ တို့၏ အယူအဆများ ထားရှိခြင်းတို့ဖြစ်သည်။

ထိုသို့သော အယူအဆများသည်  မှားယွင်းသော အယူအဆများဖြစ်ပြီး ၎င်းကွဲလွဲမှုသည် ဆိုးသောကွဲလွဲမှုဖြစ်သောကြောင့် ပြုလုပ်ခြင်းမပိုင်ပါ။
ထိုသို့သောကွဲလွဲမှုလုပ်ခြင်းဖြင့် ဟဒီးဆ်တော်မြတ်တွင် လာရှိထားသော ဂျဟန္နမ်သို့ ဝင်ရောက်ရမည့် ( ၇၂ ) အုပ်စုတွင်ပါဝင်သွားပေမည်။

             TUFAN ( طوفان )

----------------------------------

မွစ္စလင်မ်မီဒီယာ(ကော့သောင်း)
http://kawthaung786.blogspot.com

No comments:

Post a Comment