Thursday, November 6, 2014

ကွဲလွဲမှု( ၁ )

ကွဲလွဲမှု မလုပ်သင့်ဘူးဆိုတာ ဘယ်လိုလဲး

ကောင်းသောကွဲလွဲမှူ့နှင့် ဆိုးသော ကွဲလွဲမှုအရ  ကွဲလွဲမှု သုံးမျိုးရှိသည်

၁/  အီမာန်နှင့် ကုဖ်ရ် ၏ကွဲလွဲမှု
၂/  အဲဟ်လေစွန္နသ် နှင့် အဲဟ်လေဗိဒ်အသ် ၏ကွဲလွဲမှု
၃/  ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှု

ရှင်းလင်းချက်''
၁/  အီမာန်နှင့် ကုဖ်ရ် ၏ကွဲလွဲမှု
လူသားတိုင်း အီမာန်ရှင်ဖြစ်ရမည်။
ထိုသို့ အီမန်ရှင်ဖြစ်ရန် ယုံကြည်လက္ခံရမည့် အရေးကြီးသော ( အကီဒါ ) ယုံကြည်ချက်များကို အစ္စလာမ်သာသနာတော်မှ ပြဋာန်း ထားသည်နှင့်အညီ ယုံကြည်လက္ခံရန် အရေးကြီးသည်။

ထိုသို့ယုံကြည်မှုမထားပဲ ဆန့်ကျင်ဖက်လုပ်ခြင်းသည် ဆိုးသော ကွဲလွဲမှုလုပ်ခြင်းဖြစ်သည်။

ထိုကြောင့် ထိုယုံကြည်မှူ့များတွင် နဗီတမန်တော် အားလုံး၏ထံတွင် ကွဲလွဲမှုမရှိခဲ့ကြပေ။

အစ္စလာမ်ယုံကြည်မှူ့ကို အကျဉ်းချုံးတင်ပြရသော်

အောလ္လာအသျှင်မြတ်အား တပါးတည်းသော ကိုးကွယ်ရာ အသျှင်ဟု ယုံကြည်၍ ခဝပ်ကိုးကွယ်ခြင်း

နဗီတမန်တော် အပေါင်းအား ယုံကြည်ခြင်း

မိုးကောင်းကင်ကျ ကျမ်းများအား
ယုံကြည်လက္ခံ ခြင်း

ဖွရိရှ်သာ ကောင်းကင်တမန်တော်များအား ယုံကြည်ခြင်း

စစ်ဆေးမေးမြန်းခြင်းခံရမည့်နေ့ ကေယာမသ်နေ့အား ယုံကြည်ခြင်း

ဂျန္နသ်သုခဘုံ နှင့် ဂျဟန္နမ်ငရဲဘုံ အားယုံကြည်ခြင်း

သက္ကဒီရ် ကောင်းခြင်းဆိုးခြင်း သတ်မှတ်ချက် ဟူဟူသမျှ ကို အောလ္လာအသျှင်မြတ်သာလျှင် သတ်မှတ်တော်မူခြင်းစသည်တို့ ကိုယုံကြည်ခြင်း

ထိုသို့ သော ယုံကြည်ချက်များအား သို့မဟုတ် တစ်ခုခုအား မယုံကြည်ခြင်းဖြင့် မိုအ်မင်န် မွစ္စလင်မ် မဖြစ်နိုင်ပေ

၎င်းတို့အားမယုံကြည်ခြင်းသည် ကာဖွရ် ဖြစ်၍ ဆန့်ကျင်ဖက် လုပ်ခြင်းဖြစ်ပြီး ဆိုးသော ကွဲလွဲမှုဖြစ်သည်။

ဆက်လက်တင်ပြသွားပါမည်။

             TUFAN ( طوفان )

----------------------------------

http://kawthaung786.blogspot.com/2014/10/blog-post_17.html?m=1

No comments:

Post a Comment