၃/ ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှု
ရှင်းလင်းချက်''
(အမလ်ကျင့်သုံးမှုပိုင်းဆိုင်ရာတွင် ကွဲလွဲမှု)
ထိုကွဲလွဲမှုသည် ကောင်းသေား ကွဲလွဲမှုဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် နဗီတမန်တော်များ၏ ရှရီအသ်များတွင် လည်းကောင်း / ဟဒီးဆ်ကျမ်းများ တွင်လည်းကောင်း မြောက်များစွာ သောကွဲလွဲမှုများကို တွေ့ရပါသည်။
ထိုကွဲလွဲမှုများအား အနည်းအကျည်း တင်ပြရသော် ----
၁)))) နဗီတမန်တော် အလိုင်ဟိမုစ္စလာမ်များ၏ ရှရီအသ်များတွင် ကွဲလွဲမှုများ
က) တမန်တော် အာဒမ်း အလိုင်းဟိစ္စလာမ်၏ ရှရီ အသ်တွင် မောင်နှမချင်း နေကာဟ်ပြုပိုင်ပေသည်။
ခ) တမန်တော် ယူစွဖ် အလိုင်းဟိစ္စလာမ်၏ ရှရီ အသ်တွင် လေးစားသော အနေဖြင့် လူသားအား ဆဂျီဒါလုပ်ပိုင်ပေသည်
ဂ ) တမန်တော် မူဆာ အလိုင်းဟိစ္စလာမ်၏ ရှရီ အသ်တွင် အညစ်ကြေးပေကျံသွားသော အဝတ်ထည်၏ အစိတ်ပိုင်းများအား ဖြတ်တောက် ပစ်ရပေသည်။
ဃ ) တမန်တော် အီဆာ အလိုင်းဟိစ္စလာမ်၏ ရှရီ အသ်တွင် အရက်သည် ဟလာလ်ဖြစ်ပေသည်။
အထက်တင့်ပြပါ ကျင်သုံးမှုပိုင်းဆိုင်ရာ ဖူရူအီး မဆ်အာလာ များသည် ကျွန်တော်တို့ တမန်တော်မြတ် ဆွလောလ္လာဟု အလိုင်းဟိဝစလ္လာမ်၏ ရှရီအသ်နှင့် ကွဲလွဲနေကြောင်းကို သာမန် မွစ်လင်မ် တယောက်ပင် သိနိုင်ပေသည်။
ထိုသို့ဖြစ်လင့်ကစား ကုရ်အာန်ကျမ်းတော်မြတ်တွင် နဗီတမန်တော်များ၌ မကွဲလွဲကြကြောင်း လာရှိထာပေသည်။
ထိုသို့ဆိုလျှင် ကွဲလွဲမှုမလုပ်ကြရန် ကုရ်အာန်ကျမ်းတော်မြတ်က အမိန့်ပေးသည့်မှာ အီမာန်နှင့်ဆန့်ကျင်သော အဟ်လေဟက်နှင့် ဆန့်ကျင်သောကွဲလွဲမှူ မလုပ်ကြရန်သာ ဖြစ်ပေတော့သည်။
၂)))) တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစ္စလာမ် ရှိစဉ်ခါ၌ ဆဟာဗာများ၏ ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှုများ
(က) တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစ္စလာမ် ရှိစဉ်ခါ၌ ဆဟာဗာများ၏ ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှုများအား တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်ဟိဝစလ္လာမ်မှ အပြစ်တင်တော်မူခဲ့ခြင်း မရှိသော ကွဲလွဲမှုများ
က) ဂါဇ်ဝါအေဗနူကိုရိုင်ဇွားတွင် တမန်တောမြတ် ဆွလ္လောလ္လာဟုအလိုင်ဟိဝစလ္လာမ်က အဆွရ်နမာဇ်အား ဗနူကိုရိုင်ဇွားရောက်မှဝတ်ပြုရန်မိန်တော်မူလေသည်။
လမ်းတွင် အဆွရ်အချိန်ကုန်လုနီးနီးဖြစ်လာသောအခါ အချို့သေားဆွဟာဗာများက အချိန်အရအမလ်လုပ်သည့် အနေဖြင့် အဆွရ်နမာဇ် ဖတ်လိုက်ကြလေ သည်။
တချို့သောဆဟာဗာများသည် တမန်တော်မိန့်တော်မူသည်နှင့်အညီ ဗနူကူရိုင်ဇွား ရောက်မှဝတ်ပြုကြပါသည်။
ထိုသို့ ကွဲလွဲမှုဖြစ်ခဲ့ပါသော်လည် တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်ထံပါးသို့ ပြန်ရောက်စဉ်တင်ပြသောအခါ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် သည်မည်သည် ဘက်ကိုမှအပြစ်ဆိုတောမူခြင်း မပြုခဲ့ပေ။
صحيح البخاري / كتاب المغازي
ကျမ်းကိုး (ဆွဟီဟွလ်ဗိုခါရီ / ကီတာဗွလ်မဂါဇီ)
ထိုဖြစ်စဉ် ဖြင့်သိရသည်မှာ ကွဲလွဲမှုဖြစ်စဉ်ကို မှန်ကန်မူပေါ်တွင် တည်ရှိကြောင်း တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်သည် လက္ခံတော်မူသော အထောက်ထား ပင်ဖြစ်ပေသည်။
ခ) ဟသွရသ် အဗူစအီးဒ် ရသွေယောလ္လာအန်ဟု သခင်ထံမှ ဆင့်ပြန်ချက် တစ်ရပ် လာရှိသည်မှာ
ကျွန်ုပ်တို့သည် တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် နှင့်အတူ ရမ်ဇန်လ ၁၆ ရက်ကျော်ပြီးနောက် စစ်ပွဲးတစ်ခုသို့ သွားနေကြပါသည်။ ကျွန်ုပ်တို့ထဲတွင် အချို့သောသူများသည် ရိုဇာထားကြပါသည်။ အချို့သောသူများသည် ရိုဇာမထားကြပေ။
ရိုဇာထားသူများသည် ရိုဇာမထားကြသူများအား အပြစ်တင်ပြောဆိုကြခြင်း မပြုကြသလို ရိုဇာမထားသူများသည် ရိုဇာထားကြသူများအား အပြစ်တင် ပြောဆိုကြခြင်း မပြုကြပေ။
صحيح المسلم / كتاب الصوم
ကျမ်းကိုး (ဆွဟီဟွလ်မွစ္စလင်း ကီတာဗွလ် ဆောင်းမ်)
တင်ပြပါ ဟဒီးဆ်တော်အရ သိရှိရသည်မှာ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် ရှိနေပါလျှက် ဆွဟာဗာများအကြား ဖူရူအီးမဆ်အလ်တွင် ကွဲလွဲမှု ဖြစ်ကြပါသော်လည် ထိုကွဲလွဲမှုအား မကောင်းမြင်ခြင်း အပြစ်ပြောခြင်းများ မရှိခဲ့ကြပေ။
ဂ) ဟသွရသ် ဂျာဗေရ် ရသွေယောလ္လာအန်ဟု သခင်ထံမှ ဆင့်ပြန်ချက် တစ်ရပ်လာရှိသည်မှာ ဆွဟာဗာနှစ်ပါးသည် ခရီးတစ်ခုတွင် ရေမရရှိသဖြင့် သယမ်မွမ်ပြုလုပ်၍ နမာဇ်ဖတ် လိုက်ကြပါသည်။ ၎င်းနောက် အချိန်မကုန်မှီ ရေရရှိသဖြင့် ဆွဟာဗာတစ်ပါးမှာ ဝူဇူပြုလုပ်၍နမာဇ် ပြန်ဖတ်လိုက်ပါသည်။ ကျန်တစ်ပါးမှာ ပြန်မဖတ်ပေ။
တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် ထံပါးသို့ ပြန်ရောက်စဉ်လျှောက်တင်ရာ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်
သည် နမာဇ်ပြန်မဖတ်သော ဆွဟာဗာအား မိန့်တော်မူသည်မှာ အသင် မှန်ကန်ပေသည်။ နမာဇ်ပြန်ဖတ်လိုက်သော ဆွဟာဗာအား အသင် အကျိုးစဝါဘ် နှစ်ခါရပေသည်။
سنن النسائى / كتاب الطهارة / باب التيمم
ကျမ်းကိုး (စူနနေနဆာအီ ကီတာဗွလ် တွဟာရသိ ဗာဗွလ်သယမ္မုမိ)
တင်ပြပါ ဟဒီးဆ်တော်အရ သိရှိရသည်မှာ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်သည် ဆွဟာဗာများအကြား ဖူရူအီမဆ်အာလာကွဲလွဲမှုကို နှစ်ဦးနှစ်ဘက်လုံ မှန်ကန်မှုအပေါ် တည်ရှိကြောင်း နှင့် အကျိုးစဝါဘ် ရရှိမည့်အကြောင်း မိန့်တော်မူးခဲလေသည်။
၎င်းအပြင်နောက်လည် ဆွဟာဗာကြီးများ သာဗေအီန်ကြီးများ သာဗာ့သာဗေအီန်ကြီးများ မွဂ်ျသာဟီးဒ်ကြီးများ၏ ကွဲလွဲမှုမြောက်များစွာကို ဟဒီးဆ်ကျမ်းများ၌ တွေမြင်နိုင်ပါသည်။
(မှတ်ချက်)
ယ္ခုတင်ပြထားသေား ဟဒီးဆ်တော်များအား အများစုမွစ္စလင်မ် များနာလည်လွယ်စေရန် မြန်မာစာပေနှင့် ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပေသည်။ ၎င်းဟဒီးဆ်တော်များအား ကွဲလွဲမှု အပိုင်း (၅) တွင် အဓိပ္ပါယ်နှင့်တကွ ထပ်မံတင်ပြပေးပါမည်။
ထပ်မံ၍သိလိုပါက
موطأ إمام مالك
مسند إمام أبي حنيفة
مسند إمام الشافعي
مسند إمام احمد
مصنف إبن ابي شيبة
مصنف عبد الرزاق
سنن دارمي
سنن بيهقي
موطأ إمام محمد
شرح مشكل الآثار
معني الآثار
စသောဟဒီးဆ်ကျမ်းများ၌ လေ့လာနိုင်ကြပါသည်။
အထူးသဖြင့် ترمذى ကျမ်းတွင် ဆွဟာဗာကြီးများ သာဗေအီန်ကြီးများ သာဗာ့သာဗေအီန်ကြီးများ မွဂ်ျသာဟီးဒ်ကြီးများ၏ ကွဲလွဲမှုများကို ဟဒီးဆ်တော်များတင်ပြပြီးနောက်တင်ပြလေရှိပါသည်။
အကယ်၍ တစ်ဦးတစ်ယောက်သေားသူသည် ဟႏၷဖြီ ရွာဖြီ ကြဲလြဲမႈေတြ မလုပ်သင့်ဘူးဟုပြေား လာခဲ့သော် ဒီးန်အကြောင်းနားမလည် ဟဒီးဆ်တော်တွေကို သဘေားမပေါက် ကောင်သောဆိုးသော အရာများကို ခွဲခြားမသိ ၍သာ ပြေားခြင်းဖြစ်ပေသည်။
မြောက်များစွာသေားအများတွင် အကောင်းနှင့်အဆိုး နှစ်မျိုးစလုံးရှိနေပေသည်။ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်တတ်ရန် အရေးကြီးပါသည်။ သို့မှသာ အကောင်းကိုဆောင်၍ အဆိုးကိုရှောင်နှိင်ပေမည်။
ဥပမာ အေလင်မ် ပညာတွင် ကောင်းသော အေလင်မ်နှင့် မကောင်းသော အေလင်မ်ဟူ၍နှစ်မျိုးရှိနေပါသည်။
အေလင်မ်အားလုံးကို ကောင်းသည်ဟုယူဆမိလျှင် မှာယွင်းသကဲ့သို့ အေလင်မ်အားလုံးကို မကောင်းယူဆခြင်းသည်လည်းမှားယွင်းပေသည်။
ကွဲလွဲမှုသုံးမျိုး တင်ပြပြီးနောက် အကျဉ်း ရှင်လင်ချက် ----
၁/ အီမာန်နှင့် ကုဖ်ရ် ၏ကွဲလွဲမှု
၂/ အဲဟ်လေစွန္နသ် နှင့် အဲဟ်လေဗိဒ်အသ် ၏ကွဲလွဲမှု
၃/ ဖူရူအီးမာဆာအေလ်များတွင် ကွဲလွဲမှု( အမလ် ကျင့်သုံးမှု ပိုင်းဆိုင်ရာတွင် ကွဲလွဲမှု )
ကွဲလွဲမှုမလုပ်ကြရန် ကုရ်အာန် / ဟဒီးဆ်တော်များ၌ တာမြစ်ထားပါသည်။
ထိုတားမြစ်ချက်များသည် ပထမနှင့် ဒုတိယ ကွဲလွဲမှုများကို ဆိုလိုခြင်းဖြစ်ပါသည်။
ထိုကွဲလွဲမှုနှစ်ခုသည် မည်သည့်နဗီ ရစူလ်၏ ရှရီအသ်တွင်မှ ကွဲလွဲခဲ့ခြင်းမရှိခဲ့ပေ အာလုံးထံတွင်တူညီမှုရှိနေပါသည်။
တတိယတစ်မျိုးမှာ နဗီတပါးနှင့်တပါး မတူကြသလို ကျွန်ုပ်တို့၏ တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ်၏ နောက်လိုက်များ တွင် တမန်တော်မြတ် ဆွလ္လောလ္လာဟု အလိုင်းဟိဝစလ္လာမ် ရှိစဉ်ခါမှစ၍ ကွဲလွဲမှုရှိခဲ့ကြပါသည်။
အချုပ်ဆိုရသော် ဟႏၷဖြီ ရွာဖြီ ကွဲလွဲမှုများသည် ကောင်းသေား ကွဲလွဲမှုဖြစ်ပါသည်။
ထိုသို့ကွဲလွဲမှုဖြင့် အွမ္မသ်အတွက် သက်သာချောင်ချိမှုဖြစ်ပေါ်စေပါသည်။
إختلاف المجتهدين رحمة واسعة وإتفاقهم حجة قاطعة
မွဂ်ျသာဟီးဒ်ကြီးများ၏ ကွဲလွဲမှုများသည် အွမ္မသ်အားသက်သာချောင်ချိစေသော ရဟ်မသ်ဖြစ်၍ မွဂ်ျသာဟီးဒ်ကြီးများ၏ တူညီမှုရှိကြခြင်းသည် ခိုင်မာပြတ်သားသော အထောက်ထားဖြစ်ပေသည်။
ကွဲလွဲမှု အပိုင်း (၄) ဆက်လက်အားပေးကြပါရန်
???? မိမိကိုယ်မိမိ ဘာကြောင့် ဟႏၷဖြီ / ရွာဖြီ လို့ပြောရတာလဲ ????
!!!! မွစ္စလင်လိုပြောပါလာ !!!!
TUFAN ( طوفان )
---------------------------------------------------------
မွစ္စလင်မ်မီဒီယာ(ကော့သောင်း)
http://kawthaung786.blogspot.com
No comments:
Post a Comment