ငွေစက္ကူများ(mone paper)ကို ယနေ့ ကမ္ဘာ့နိုင်ငံများတွင် တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။
အခြေအနေ နှင့် အချိန်အတိုင်းတာ တစ်ခုထိ ငွေစက္ကူများကို (valuable တန်ဖိုးနှင့် အရေးပါမှုကို) လူတိုင်းလက်ခံ ကြပါသည်။
သို့သော် ငွေစက္ကူမျာ၏ မူလအစနှင့် ဖြစ်ပေါ်လာပုံသမိုင်းကို သိသူနည်းပါးလှပါသည်။
ငွေကြေး၏မူလအစသည် ငွေစက္ကူ များမဟုတ်ခဲ့ပေ ရွှေငွေဒင်္ဂါးများ gold coin, silver coin ဖြစ်သည်။
ငွေကြေးမပေါ်ခင်ကာလများတွင် ပစ္စည်းချင်းဖလယ်ခြင်းဖြင့်လည်ကောင်း ပစ္စည်းများအား ရွှေစငွေစ သို့ ဒင်္ဂါးများဖြင့်လည်းကောင်း ရောင်းဝယ်မှုများပြုလုပ်ကြပါသည်။
ထိုကြောင့် ကုရ်အာန်ဟဒီးဆ်တော်များနှင့် ဖွေကာကျမ်းများတွင် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ရွှေငွေဒင်္ဂါးများဖြင့်သာ ဆုံးဖြတ် သတ်မှတ်ပေးပါသည်။
ငွေစက္ကူများ mone paper ၏မူလတွင် receives ငွေလက်ခံရှိကြောင်း ထောက်ခံစာများ အဖြစ်အသုံးပြုကြပြီး နောက်ပိုင်းတွင် ငွေစက္ကူအဖြစ် currency အသွင်ဆောင်ကာ တွင်ကျယ်စွာ အသုံးပြုလာကြပါသည်။
သို့သော် အားလုံးတွင် တူညီမှုတစ်ခုရှိပါသည်။
၎င်းမှာ ထိုငွေစက္ကူများ၏နောက်ကွယ်တွင် ရွှေဒင်္ဂါး သို့ ရွှေစ ရှိပါသည်။
ထို receives လက်ခံရရှိသေားသူသည် လိုအပ်လာသည့် မည်သည့်အချိန်တွင်ဖြစ်စေ ၎င်းရွှေများကို သွာရောက်ထုတ်ယူနိုင်ကြပါသည်။
နောက်ပိုင်းခေတ်များတွင် ဘဏ်များတွင် ငွေစက္ကူ၏ နောက်ကွယ်မှရှိနေသေား ရွှေများမရှိကြတော့ပေ။
ထိုကြောင့် (ငွေအော်ခြင်း) ငွေဖျက်သိမ်းခြင်း ငွေသေခြင်းများဖြစ်ပေါ်ကာ ပြည်သူများတွင် များစွာနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေပါသည်။ အချို့သောသူများသည် ရူးသွပ်ခြင်း မိမိကိုယ်ကို သတ်သေခြင်းများ အထိပင်ဖြစ်ပေါ်စေပါသည်။
ရွှေနောက်ခံရှိသော ငွေစက္ကူများသည် ငွေကြေး ခိုင်မာမှုရှိကြပြီး ရွှေနောက်ခံမရှိသော ငွေစက္ကူများသည် ငွေကြေးခိုင်မာမှု မရှိပေ။
ငွေကြေးခိုင်မာမှုမရှိပါက ငွေကြေးဖောင်းပွမှု ဖြစ်ခြင်း/ ကုန်ဈေးနှုန်း တည်ငြိမ်မှုမရှိခြင်း/ လုပ်အားယိုစိမ့်မှု ဖြစ်ခြင်း(နိုင်ငံခြား သွားရောက် အလုပ်လုပ်သူများ) / ဆင်းရဲးသားပြည်သူများ ဂုတ်သွေးစုပ်ခံရခြင်း/ balances ဝင်ငွေထွက်ငွေညီမျှမှု မရှိခြင်း/ ဝန်ထမ်းများတွင် ကျင့်ပျက်ခြစားမှုပေါများလာခြင်း/ လာဘ်ပေးလာဘ်ယူပေါများလာခြင်း/ နိုင်ငံခြားရင်းနီမြုပ်နှံမှု ကို အဟန့်တား ဖြစ်စေခြင်း/ စက်မှုလက်မှုတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မှု မရှိခြင်း အချုပ်ဆိုရသော် နိုင်ငံတိုးတက်မှုနှင့် လူမျိုးကောင်းစားမူတို့ကို နောက်နှေးခြင်းများ ဖြစ်ပေါ်စေ၍ ၎င်းအကျိုးဆက်များကို ပြည်သူလူထုသာ ခါးစည်းခံရပေသည်။
ငွေကြေးစတင်ပေါ်ပေါက်လာပုံ၏ အနီကပ်ဆုံးနှင့် အလွယ်ဆုံး ဥပမာပေးရသော်
မြို့တစ်မြို့တွင် ရွှေဆိုင်တစ်ဆိုင်ရှိပါသည် ရွှေရှိသောသူများသည် ၎င်းဆိုင်သို့ လာ၍မိမိတို့၏ ရွှေစငွေစများကို လာရောက်ဖြတ်တောက်စေ၍ မိမိတို့၏ လိုအပ်ပစ္စည်းများ ဝယ်ယူကြပါ။
နောက်ပိုင်းတွင် လူတို့သည် ရွှေဆိုင်ရှင်ထံ ရွှေများလာရောက် အပ်ထားလိုက်ကြပြီး ရွှေဆိုင်ရှင်ထံမှ ရွှေရှိကြောင်း ထောက်ခံချက် receives များယူသွားကြပါသည်။
receives လက်ခံရရှိသေားသူသည် လိုအပ်လာသည့် အချိန်တွင် ၎င်းရွှေများကို receives ၏တန်ဖိုးနှင့်ညီသော ရွှေများကို သွာရောက် ထုတ်ယူကြပါသည်။
နောက်ပိုင်းတွင် ရွှေများထိန်းသိမ်း၍ ငွေစက္ကူများ ထုတ်လုပ်ပေးသော ဘဏ်များဖြစ်ပေါ်လာပါသည်။
အပိုင်းဆက်များ ဆက်လက်တင်ပြသွားပါမည်
TUFAN
No comments:
Post a Comment