Sunday, October 19, 2014

ဒါရီထားခြင်း( မုတ်ဆိတ်ထားခြင်း )

ဒါရီထားခြင်း( မုတ်ဆိတ်ထားခြင်း )

မူစလ်မာန်ဘိုင် တော်တော်များများ မုတ်ဆိတ်မထားတဲ့ အကြောင်းပြချက်တစ်ခုက
ဂိုနာတွေမရှောင်နိုင်သေးဘူမလား မုတ်ဆိတ်နဲ့ ဂိုနာ လုပ်မိရင်မကောင်းဘူးမလား

ဒါရှိင်တာန်ရဲ့ လှည်စားမှူပါ
အမှန်မှာ လူတယောက်က /အရက်လည်းသောက်တယ်/ဟရမ်လည်းစားတယ်/လိမ်လည်းပြောတယ် ဒါပေမဲ့ မုတ်ဆိတ်တော့ ထားတယ်

နောက်လူတယောက်က အရက်လည်းသောက်တယ်/ဟရမ်လည်းစားတယ်/လိမ်လည်းပြေားတယ်/မုတ်ဆိတ်လည်းမထားဘူး

ကြည့်ပါ ပထမလူမှာ ဂိုနာ သုံးခုပဲ့ရှိတယ် ဒုတိယလူမှာ ဂိုနာလေးခု
ဂိုနာသုံးခုသမားနဲ့  လေးခုသမား ဘယ်သူပိုဆိုးလဲး

နောက်အဖြေတစ်ခုက
ငါကရုံးတွေ ဂါတ်တွေသွာနေရတယ်မလား မုတ်ဆိတ်ကြီတကားကားနဲ့  ဖြစ်ပါ့မလား

အမှန်မှာ ရိုဇီရိတ်ခါပေးနေတဲ့ အရှင်ကိုမကြောက် ရုံးကပုဂ္ဂိုလ်တွေကိုကြောက်တယ်
ပိုက်ဆံပေးနေတာ အောလ္လာဟ်အသျှင်မြတ်ပါ
ရုံးကလူတွေက အကြောင်းခံပါ
မွစ္စလင်မ်တွေက အောလ္လာဟ်အသျှင်မြတ်ကို အီမာန်ယူထားတာပါ ဖန်ဆင်းခံတွေကျေနပ်ဖို့  အောလ္လာဟ်အသျှင်မြတ် အမျက်တော်ကို ခံယူသင့်ပါသလား

အောလ္လာဟ်အသျှင်မြတ် အလိုမတူရင် ဘယ်လောက်ပဲ့ကြိုးပမ်းကြိုးပမ်း ပိုက်ဆံမရနိုင်ပါဘူး

             TUFAN ( طوفان )

----------------------------------

မွစ္စလင်မ်မီဒီယာ(ကော့သောင်း)

No comments:

Post a Comment