ဟဂ်ျကိုနောက်ဆိုင်းသင့်ပါသလား
ဟဂ်ျကျင့်စဉ်ကို အလ္လာဟ်အသျှင်မြတ်သည် မွစ္စလင်မ်တစ်ယောက်အပေါ်
တစ်သက်တွင်တစ်ကြိမ် သာဖရဇ်(မပြုမနေရ)သတ်မှတ်တော်မှုသည်။
အကယ်၍တစ်ဦးတစ်ယောက်အပေါ် ဟဂ်ျတာဝန်ထိုက်သွားပါက ချက်ချင်း
ဟဂ်ျပြုလုပ်လိုက်ရပေမည်၊နောက်ဆိုင်းခြင်းလုံးဝမပြုအပ်ပေ၊
အဘယ်ကြောင့်ဆိုသော် လူသားတွင် သေခြင်း၊ရှင်ခြင်း ကျမ်းမာခြင်း
မကျမ်းမာခြင်း အတွက်
အာမခံချက်မရှိပေ ၄င်းအပြင် ပစ္စည်းဥစ္စာသည်လည်း မိမိထံတွင်အမြဲရှိနေမည်မဟုတ်ပေ။
အကယ်၍
ဟဂ်ျဖရဇ်ဖြစ်ပြီးနောက် နောက်ဆိုင်းခဲ့သော် နောက်နှစ်ဟဂ်ျမလုပ်နိုင်မီ
သေဆုံးသွားခဲ့ သော
ထိုသူ့အပေါ်ကြီးမားသောဖရဇ်တာဝန်တစ်ရပ်ကျန်ရှိသွားပေမည်။
သေရ်မီဇီ၏ဟဒီစ်တော်တစ်ရပ်တွင်လာရှိသည်မှာ အကြင်သူသည် ဗိုင်သွလ္လာဟ်သို့သွားရောက်၍
ဟဂ်ျပြုလုပ်နိုင်ပါလျှက်
ဟဂ်ျမလုပ်ခဲ့သော် ထိုသူသည်
ယဟူဒီအဖြစ်သေလိုကသေနိုင်သည်(သို့မဟုတ်)နဆ်ွရ်နီအဖြစ်သေလိုကသေနိုင်သည်၊
ကျွန်ုပ်တို့သည် အမျိုးမျိုးသောအကြောင်းပြချက်များဖြင့်
ဟဂ်ျကိုနောက်ဆိုင်းနေကြသည်
ဥပမာ၊ ၊အိမ်ဆောက်မပြီးသေးလို့ပါ၊မိမိ၏သားသမီး ရှာဒီအလုပ်ပေးရသေးလို့ပါ
စသဖြင့်
ထို့သို့တွေး ခေါ်ခြင်းသည် လုံးဝမှားယွင်းပေသည်။
တစ်ချို့သောသူများကထင်ကြသည်
မိမိတွင် ဟဂ်ျလုပ်နိုင်လောက်သော
ပစ္စည်းဥစ္စာပိုင်ဆိုင်သွားးလေပြီ သို့သော် မိဘနှစ်ပါး
ဟဂ်ျမလုပ်ရသေး၍
မသင့်တော်သေးဟုထင်ကြသည် ထို့သို့ တွေးခြင်းသည်လည်း လုံးဝမှားယွင်းပေသည်
နမာဇ်သည်အဘယ်ကဲ့သို့ တစ်ဦးခြင်း စီအပေါ် ဖရဇ်ဖြစ်သည် ထိုသို့ပင် ဟဂ်ျသည်လည်း
လူတိုင်း
တစ်ဦးချင်းစီအပေါ်တွင်
ဖရဇ်ဖြစ်ပေသည်၊
တစ်ချို့သောသူများသည် မိမိတို့၏ ဥစ္စာပစ္စည်းများ လျော့နည်းသွားမည်
ကိုစိုးရိမ်ကြသည်၊အမှန်မှာ ဟဂ်ျပြုလုပ်လိုက်သောကြောင့် ဆင်းရဲသွားသူများ
ဟူ၍ နှစ်ပေါင်းထောင့်လေးရာကျော်အတွင်း မတွေ့ရပေ
ဟဂ်ျပြုလုပ်လိုက်ခြင်းကြောင့်
ပို၍ ပျော်ရွှင်ဖွယ် သက်တမ်းကို ပိုင်ဆိုင်ကြသူများသာတွေ့
ရမည်၊ ဟဂ်ျပြုလုပ်ခြင်းကြောင့်
ထိုသူအား အလ္လာဟ်အသျှင်မြတ်မှ ရိုဇီ ရိက္ခာတွင် ဗရ်ကတ်နှင့်
ဘ၀တွင် ပျော်ရွှင်မှုများကို
ချီးမြင့်တော်မှုသောကြောင့် ဖြစ်ပေသည်၊
တစ်ချို့သောသူများသည် အသက်ငယ်ရွယ်သေးသည်ဟူသောအကြောင်းပြချက်ဖြင့်
ဟဂ်ျပြုလုပ်ခြင်းကို နောက်ဆိုင်းတတ်ကြပေသည်၊
အမှန်မှာ အရွယ်ရောက်ပြီး သူတိုင်းအပေါ် ပစ္စည်းဥစ္စာတတ်နိုင်ပါက
ဟဂ်ျပြုလုပ်ရပေမည်၊
အသက်နှစ်ဆယ်အစိတ်တွင် မလုပ်ရ
ငါးဆယ်ခြောက်ဆယ်ကျော်မှလုပ်ရမည်ဟူ၍
မလာရှိထားပေ။
ဆက်ရန်
အိဆ်ွလာဟီးခွသ်ဗာသ်မှကောက်နှုတ်ပြန်ဆိုသည်၊
TUFAN
အီစလမ့်မီဒီယာ တာဝန်ခံ